ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဇလွန်   ဖေဖော်ဝါရီ     

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့လမ်းမတော်တောင်ရပ်ကွက် ပဒုမ္မာလမ်းတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးတင်ထွန်းအောင်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးသန်းထွန်းအောင်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပဒုမ္မာလမ်းကွန်ကရစ်လမ်းသစ်သည် လမ်းအရှည် ၁၁၈၂ ပေ လမ်းအကျယ် ပေ  ထု လက်မ ဖြစ်ပြီး  ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးဝဠာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝေယံ