မရမ်းကုန်းမြို့နယ်​၌ အသက် ၁၈ ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sputnik Light) ထိုးနှံပေးလျက်ရှိ

မရမ်းကုန်း   ​​ဖေ​ဖော်ဝါရီ  ၁

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အမှတ်(၃)ရပ်ကွက်​ခေမာရာမကျိုင်းတုံ​ကျောင်း၌ အမှတ်()ရပ်ကွက်ရှိ အသက်၁၈နှစ်နှင့်အထက် ပြည်သူ များနှင့် ဦးတည်အုပ်စုများအား  ယမန်နေ့နံနက် ၉း၃၀ နာရီ အချိန်မှ စတင်ကာ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sputnik Light)  ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ထားရှိခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန် နေရာများ စီစဉ်ထားရှိခြင်းစသည့်  လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့်သိရသည်။

​​အေး​အေး​အောင်