ကြံခင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

ကြံခင်း. ဖေဖော်ဝါရီ. ၁ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ရွာသစ်ရပ်ကွက် မဟာဗန္ဓုလလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်မှအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးဌေးမြင့်အောင်မှမြို့နယ်စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများနှင့် လမ်းအခြေအနေအား ရှင်းလင်းပြောကြားပါသည်။ 

ထိုနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးသန်းထွဋ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်တို့က ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု(၆)လတာ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ဒါအောင်မြင်သော(U. S. M .O)Group ကုမ္ပဏီမှအရှည်ပေ(၄၀၀'×၁၅'×၀'-၈")ရှိပြီး တန်ဖိုးငွေကျပ်သိန်း(၁၃၀)ဖြင့်တည်ဆောက်သောလုပ်ငန်းဖြစ်ကြောင်းတာဝန်ရှိသူထံကသိရသည်။

မိုးမိုး