ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ် ပြပွဲကျင်းပ

ကွမ်းခြံကုန်း   ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိ‌စေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှု မရှိစေရေး အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကို ယမန်နေ့က အ-ထ-က(၁)သီရိရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၅) ဦးတို့က ပညာရေးမိသားစုဝင် ဆရာ/ဆရာမများအား ကျောင်းအတွင်း မီးဘေးလုံခြုံရေး စီမံချက်ပါအတိုင်း မီးသတ်ပစ္စည်း ကရိယာများ လက်တွေ့ အသုံးပြု နိုင်ရန်နှင့် မီးငြှိမ်းသတ်နည်းအဆင့်ဆင့် ချပြရှင်းလင်းဆွေးနွေးပြီး မီးဘေးကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စာသင်းကျောင်း (၇၀)ရာခိုင်နှုန်းသည် မီသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိပြီးကြောင်း မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးမြတ်သူထိုက်ထံမှ သိရသည်။

ဆွေနွယ် (IPRD)