ဘိုကလေးမြို့နယ်တွင် တပ်မတော် ထောက်ခံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့နံနက်(၈)နာရီ၌ တပ်မတော် ထောက်ခံသူ ပြည်သူ(၁၀၀)ဦးခန့်က အဝေးပြေးကားဝန်းအား စုရပ်ထား၍ နတ်ချောင်းတံတားအထိ ဖျာပုံ-ဘိုကလေး ကာလမ်းမအတိုင်း ချီတက်ကာ တပ်မတော်ထောက်ခံပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာတွင်းလမ်းဖွင့်ပွဲကျင်းပ

(၇၅)နှစ်‌ မြောက်စိန်ရတုပြည်‌‌ ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDPရန်ပုံငွေဖြင့်‌  ကျေးရွာသူကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး ဖန်ခါးမြေ လက်ကမ်းစာစောင်များ လိုက်လံဝေငှ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ဖန်ခါးမြေ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က လိုက်လံဝေငှလျက်ရှိသည်။

(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန်းမလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှဆောင်ရွက်သည့် အမှတ်(၄)ရပ်ကွက် ခန်းမလမ်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့တွင် လူအင်အား(၁၇၀)ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁ နာရီမှ ၁ နာရီ ၄၅ နာရီအထိ လူအင်အား (၁၇၀)ခန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်၏ လက်ရှိဆောင်ရွက် ချက်များအပေါ် ထောက်ခံပြီး CRPH၊ NUG ၊ CDF တို့၏အကြမ်းဖက်လုပ်ရပ်များအား ရှုံ့ချကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Center ခန်းမ၌ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌  ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်ကားလျက်ရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ယနေ့တွင် ဈေးများနှင့် လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာ စည်ကားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်း များ ပုံမှန်ပြေးဆွဲပေးလျက်ရှိ

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အသံတိတ်သပိတ် (Slience Strike)ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေး အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် မြို့တွင်းခရီးသွား ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ သွားလာလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စိန်ရတုပြည်ထောင်စုနေ့အကြို အားကစား ပြိုင်ပွဲ အခမ်းအနားတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to