(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့  ရုံးလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ 

မြန်အောင်   ဖေဖော်ဝါရီ    ၁ 

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊မြန်အောင် မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ရုံးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုံးလမ်းကွန်ကရစ်လမ်းသစ်ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျင်စိုးတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားကြည့်ရှုခဲ့ကြသည်။

မြန်အောင်မြို့ရုံးလမ်းကွန်ကရစ်လမ်းသစ်သည် လမ်းအရှည် ၉၆၀ ပေ ၊ လမ်းအကျယ် ၂၅ ပေ ၊ ထု ၇ လက်မ ဖြစ်ပြီး  ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တော်ဝင်ခိုင်မာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ၂၀၂၁ -၂၀၂၂ ခုဘဏ္ဍာရေးနှစ်(၆)လကာလတွင် မြို့ပြလမ်း များအနေဖြင့် ကွန်ကရစ်လမ်း(၄)လမ်း၊ ကတ္တရာထပ်ပိုးလွှာ (၂)လမ်း စုစုပေါင်းလမ်းလုပ်ငန်း(၆)ခု အရှည် (၂၇၅၃)ပေ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 

ဝင်းဗိုလ်