ရေဦး၌ ကောင်းမွန်သော ငါးမွေးမြူခြင်းနည်းပညာ (GAqP )ဆိုင်ရာ ရက်တို သင်တန်းပေး

ရေဦး ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက အောင်သာကျေးရွာတွင် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကောင်းမွန်သော ငါးမွေးမြူခြင်း နည်းပညာဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းသို့ အောင်သာကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူနှင့် ရေလုပ်သား ၂၅ ဦး တက်ရောက် ခဲ့ကြသည်။

သင်တန်းတွင် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမြင့်နိုင်က ကောင်းမွန်သော ငါးမွေးမြူခြင်း နည်းပညာပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်ဦးစီးမှူး ဦးချမ်းအေးသူက ကောင်းမွန်သော ငါးမွေးမြူခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များအကြောင်းကို အသေးစိတ် ရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးက တက်ရောက်လာကြသော သင်တန်းသားများကို ကောင်းမွန်သော ငါးမွေးမြူခြင်းဆိုင်ရာ မှတ်စုစာအုပ်များ ပေးဝေကာ သင်တန်းသားများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေရှင်းပေးခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်တည်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)