ဗန်းမော်မြို့ သိမ်မဟာစေတီတော်ဘုရားဝင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ 

ဗန်းမော်       ဖေဖော်ဝါရီ     

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူနှင့်မိသားစုများ၊ အလှူရှင်များတို့သည် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ဝ နာရီက သိမ်မဟာစေတီတော်ဘုရားဝင်း၌  ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း(၁၅ဝ)ပါးခန့်အား ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင် နှင့်အဖွဲ့ဝင်များ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းကို၊ အမှတ်(၂၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆေးရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်သူနှင့် ဗန်းမော်တပ်နယ် မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများတို့က ဆွမ်းဆန်စိမ်းနှင့် အလှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဗန်းမော်မြို့တွင် ခရီးသွားယာဉ်များ ပုံမှန်သွားလာလျက်ရှိပြီး ဈေးများလည်း ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

ကိန်းဖြူ