သံတောင်ကြီးမြို့တွင်အသား၊ငါးနှင့်ကြက်ဥများကိုဈေနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင်ဒေသခံပြည်သူများအသား၊ငါးနှင့် ကြက်ဥများကို  ဈေးနှုန်းချိုသာစွာဖြင့်  ဝယ်ယူစားသောက်နိုင်ရန်အတွက်  ဘုရင့်နောင်တပ်နယ်မှဗိုလ်မှူး ချုပ်ခင်မောင်စိုး၏ စီစဉ်ညွှန်ကြားမှုဖြင့်  ဘုရင့်နောင်တပ်နယ်မှ  တာဝန်ရှိသူများနှင့်   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  တို့ပူးပေါင်းကာ   ယနေ့နံနက်(၁၀)နာရီအချိန်က  သံတောင်ကြီး မြို့ ရပ်ကွက် (၄)လမ်းဆုံတွင်  အသားငါးနှင့်ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက် ရောင်းချပေး လျက်ရှိကြောင်းသိရသည်။

ကြံခင်းမြို့၌ မြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီ(၂၅)မိနစ်အချိန်က ကြံခင်းမြို့ မြို့နယ်အားကစားကွင်း စုရပ်မှနေ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်‌ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ စိုက်ပျိုးရေးလမ်းသွယ် (၁) လမ်း၌ပြုလုပ်ကျင်းပသည်။

မိုင်းယန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌  ယနေ့ နံနက် ၁၀ နာရီက  စာရေးဆရာ အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ရေးသားသော “စိတ်နှလုံး အေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် ညှီနှိုင်းအစည်းဝေး ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ က အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်ရန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁)ရက် နံနက်(၁၁)နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်း အမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက လက်တွေ့သင်တန်းပေးပြသခဲ့ကြောင်း သိရသည်။
Subscribe to