နတ်တလင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့၌ ယနေ့တွင် ဈေးများနှင့် လမ်းများ၌ ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာ စည်ကားလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လှုံ့ဆော်ကြေညာခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ပုံမှန်အတိုင်း သွားလာစည်ကားလျက် ရှိသည်။
နတ်တလင်းမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ ပုံမှန်အတိုင်း စည်ကားလျက်ရှိပြီး လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများတွင်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှား စည်ကားလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)