မိုးကောင်းမြို့နယ်တွင် ပြည်သူလူထုများ ပုံမှန်လှုပ်ရှားသွားလာလျက်ရှိ

မိုးကောင်း ဖေဖော်ဝါရီ      

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ပြည်သူလူထုများပုံမှန်လှုပ်ရှားသွား လာမှုများ ယခင်အတိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်း မြို့မဈေး၊ ပြည်ထောင်စုလမ်းမကြီး၊ စာသင်ကျောင်းများ၊ လ္ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ ဈေးရောင်းဈေးဝယ်များ၊ မော်တော်ယဉ်အဝေးပြေးယာဉ် လိုင်းများ၊ ဆိုင်ကယ်ကယ်ရီ၊ အနှေးယာဉ်များ ယခင်လှုပ်ရှားမှုအတိုင်းသွားလာလျက်ရှိသည်။

အလားတူမြို့နယ်ဌာနဆိုင်ရာအသီးသီးမှလည်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ သက်ဆိုင်ရာ ဆရာဒါယိကာကျောင်းများအလိုက် ကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)