ကျိုက်လတ် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာမြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က ကျောင်းသားကျောင်းသူများ နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ပရိသတ်ရှေ့တွင် ပြောဆိုတတ်စေရန် စသည် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြား၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ပေးခဲ့ရာ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၀)ဦးက ဘွဲကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီက ရေးသားပြုစုသည့် အစွမ်းကိုယ်စီရှိကြသည် စာအုပ်ဖြစ်စာဖတ်စွမ်းရည်များ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ဌေးဌေးလှိုင်