ဒဂုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပုံမှန်ဈေးများ ရောင်းချလျက်ရှိ

ဒဂုံ  ဖေဖော်ဝါရီ  ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ဘုရားကြီးရပ်ကွက် (အခွန်လွတ်စျေး) နှင့် ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာဈေးတို့တွင် ယနေ့ နံနက်ပိုင်းက ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့်အသား ငါးဈေးဆိုင်များအား ပုံမှန်နေ့ရက် များအတိုင်း ဈေးသည် ဈေးဝယ်များနှင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချနေမှုများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဈေးများ ဖွင့်လှစ်ရောင်းချမှု အခြေအနေကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်(ပြန်/ဆက်)