သုံးခွ ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလ (အောက်တိုဘာလမှ မတ်လ) တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာန မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်နေ ပြည်သူတို့ ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် အဇန်းတောဇွန်း ကျေးရွာအုပ်စု သဲကွဲကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပထမဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီမှူး ဒေါ်အေးအေးကြူ မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက စီမံကိန်းဆောင်ရွက်နေမှု များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် သဲကွဲကျေးရွာ ၊ ကျေးရွာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးကျင်သိန်းမှ ကျေးဇူးတင်စကား ပြောကြားပြီး တာ၀န်ရှိသူများမှ သဲကွဲကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် သဲကွဲကျေးရွာ၊ ရွာတွင်း ကွန်ကရစ်လမ်းသည် အရှည်ပေ (၁၂၀၀)၊ အကျယ် (၅)ပေနှင့် ထု(၆)လက္မရှိပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၀.၀၀၀)သန်းနှင့် (VDP) ကျေးရွာပြည်သူထည့်ငွေ (၀.၂၅၀)ကျပ်သန်း စုစုပေါင်း (၁၀.၂၅၀)သန်းဖြင့် ရွာတွင်း ကွန်ကရစ်လမ်းအား အရည်အသွေးပြည့်မီစွာ သက်မှတ်ကာလအတွင်း ၁၀၀% ဆောင်ရွက် ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းကို ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဇော်နောင်၊ တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေ၀င်းအောင်၊ တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးအောင်မြင့်၊ သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ သဲကွဲကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီအဖွဲ့၀င် ဦးသန်း၀င်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီးနောက် အဆိုပါ လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)