အင်္ဂပူမြို့ လူထုအခြေပြု ဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ

အင်္ဂပူ ဖေဖော်ဝါရီ  ၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် မူလတန်းအဆင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်(၁ဝ)နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီသီရှိန်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အားအများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့်နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက်စာအုပ်ပြပွဲနှင့် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာကျောင်းသား/သူ(၂၅)ဦးတို့ကပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။ 

မြို့နယ်