ပြင်စလူ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့ တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဒေသခံပြည်သူများ ၊ ကျောင်းသား ၊ ကျောင်းသူများ နှင့် စျေးရောင်း စျေးဝယ်များ ပုံမှန်အတိုင်း သွားလာ ကျောင်းတက်ရောက်လျက်ရှိသည်။
Silent Strike Day ပြုလုပ်ကြရန် ဝါဒဖြန့်ရေးသားမှုများရှိသော်လည်း ပြင်စလူမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းမှ ကျောင်း သား၊ ကျောင်းသူ များပုံမှန်ကျောင်းတက်ခြင်း၊ မိဘများမှ ကျောင်း ပို့၊ ကျောင်းကြိုခြင်း၊ ခရီးသွားရေယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိခြင်း၊ စျေးရောင်းစျေးဝယ်ခြင်းများ ယခင်နေ့များအတိုင်း ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။