မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မိုင်းခုတ် ဖေဖော်ဝါရီ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ယနေ့ နံနက် ၁၀ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး  Talk Show ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဉီးစီးမှူး ဦးသက်လွင်ဇော်က  မီးဘေးလုံခြုံ‌ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုသည့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန် () ရပ်နှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မီးသတိပြုရမည့် အချက်အလက်ဆိုင်ရာများ၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်သည့် အချက်များ၊ လျှပ်စစ်မီး၊ ဂတ်စ်နှင့် မီးဖိုများ အသုံးပြုရာတွင် သတိပြုရမည့်အချက်များ အစရှိသည်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း (ပြန်/ဆက်)