စဉ့်ကိုင်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။။

မြောင်းမြတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂ ) ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားပုံဆက်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဖွင့်ပွဲများဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို ယမန်နေ့နေ့လည်က အဆိုပါ ဝန်ထမ်းအိမ်ရာရှေ့၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့က ဝန်ထမ်းအိမ်ရာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နန္ဒဝန်ရပ်ကွက်၊ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားနှင့် ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားများတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း သံဃာတော်၊ သာမဏေများနှင့်သာသနာ့နွယ်ဝင် သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို   ယနေ့ နေ့လည် (၂)နာရီက ပုဏ္ဏား ကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ကျင်းပသည်။

မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇော်ဂျီလမ်းသွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊    ရန်ကုန်အရှေ့ပိုငျးခရိုင်၊    တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကိုအသုံးချ၍  တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁၂:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အုတ်​တွင်းမြို့နယ်​တွင်​၂၀၂၂ ခုနှစ်​၊ (၇၅)နှစ်​မြောက်​စိန်​ရတု ပြည်​ထောင်​စု​နေ့ အထိမ်းအမှတ်​ပိုက်​ကျော်​ခြင်းပြိုင်​ပွဲ ဗိုလ်​လုပွဲနှင့်​ဆုချီးမြှင့်​ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်​ငူခရိုင်​၊ အုတ်​တွင်းမြို့နယ်​တွင် ​မြို့နယ်​စီမံအုပ်​ချူပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပ​သော (၇၅)နှစ်​မြောက်​စိန်​ရတု ပြည်​ထောင်​စု​နေ့ အထိမ်းအမှတ်​ အလွတ်​တန်း ပိုက်​ကျော်​ခြင်းပြိုင်​ပွဲ ဗိုလ်​လုပွဲနှင့်​ဆုချီး မြှင့်​ခြင်း အခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းအချိန်​က မြို့နယ်​မိုးလုံ​လေလုံအား ကစားခန်းမတွင်​ကျင်းပခဲ့​ကြောင်း သိရသည်​။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူရေအိမ်ထောင်စုစာရင်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၂၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to