စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နန္ဒဝန်ရပ်ကွက်၊ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားနှင့် ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားများတက်ရောက်

မုံရွာ    ဖေဖော်ဝါရီ     ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား - ၁၁ စင်း ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း - ၁၁ လမ်း၊ ကွန်ကရစ်တံတား -၁၁ စင်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း - ၁ လမ်း၊ ကွန်ကရစ်လမ်း- ၁၁ လမ်း၊ ကွန်ကရစ်တံတား  ၁၁ စင်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ကတ္တရာလမ်း - ၁ လမ်း အရှည်၊ ၂၁၆၀ ပေ၊ အကျယ် - ၁၆ ပေ၊ ကွန်ကရစ်လမ်း - ၁၁ လမ်း စုစုပေါင်းလမ်းအရှည် - ၇၅၅၂ ပေ၊ အကျယ် - ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းများ ဖြစ်ပြီး၊ ရေစီးရေလာကောင်းမွန်ရေး အတွက်  အကျယ် - ၃၀ ပေ၊ အနံ - ၄ ပေ၊ အမြင့်- ၄ ပေရှိ ကွန်ကရစ်တံတား - ၁၁ စင်း တို့အား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြား ပြီး အမှုထမ်းကောင်းဆုရရှိကြသူများနှင့် ဇေယျာစီမံထူးချွန်(ဒုတိယ)အဆင့် ဆုရရှိကြသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေများအားလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က ဇေယျာစီမံထူးချွန်(ဒုတိယ)အဆင့်၊ ဇေယျာ စီမံထူးချွန် (တတိယ)အဆင့် ဆုရရှိကြသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေများ အားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်ဒေသကြီး တရာသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှုထမ်းကောင်းဆု၊ ဇေယျာစီမံထူးချွန်(ပထမ၊ ဒုတိယ၊ တတိယ၊အဆင့်)ဆုများနှင့် ဇေယျာလူမူထူးချွန် (ပတမ၊ ဒုတိယ၊ တတိယ)အဆင့်၊ ဇေယျာ လယ်ယာစီးပွားထူးချွန် (ဒုတိယ၊ တတိယ)အဆင့် ရရှိ ကြသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေများအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် အမှုထမ်းကောင်းဆု (၃၃)ဦး၊ ဇေယျာစီမံထူးချွန် (ပထမ) အဆင့် (၁)ဦး၊ ဇေယျာစီမံထူးချွန် (ဒုတိယ)ဆု (၆၆)ဦး၊ ဇေယာစီမံထူးချွန် (တတိယ)ဆု (၄)ဦး၊ ဇေယျာလယ်ယာစီးပွားထူးချွန် (ဒုတိယ)အဆင့် (၁)ဦး၊ ဇေယျာ လယ်ယာစီးပွားထူးချွန် (တတိယ)အဆင့် (၄)ဦး၊ ဇေယျာစက်မှုစီးပွားထူးချွန် (တတိယ)အဆင့် (၁)ဦး၊ ဇေယျာလူမူထူးချွန် (ပထမ) ဆု (၄)ဦး၊ ဇေယျာလူမူထူးချွန် (ဒုတိယ)ဆု (၂)ဦး၊ ဇေယျာလူမူထူးချွန် (တတိယ)ဆု (၁)ဦး စုစုပေါင်း (၁၁၇)ဦးတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေများ ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)