ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကရသ်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားလျော့နည်း ပ‌ပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုတော်ငွေဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင်ကို ဖေဖော်ဝါရီ(၁)ရက် နေ့လယ်ပိုင်း က မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ကျင်းပခဲ့သည်။

စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲ မြိတ်မြို့တွင် ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ခရိုင်အားကစားခန်းမနှင့် ဘောလုံးပြိုင်ပွဲကို မြို့မ အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေ ဝါသနာရှင်များစုပေါင်း၍ စာရေးသူ သက်ထားဆွေ(မြန်မာပြန်) ရေးသားသည့် သူမနှင့်သူမဘဝ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခြင်းကို ဖေဖော်ဝါရီလ(၂)ရက်၊ နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် ဘုရားဆင်းတုတော် လိုအပ်နေသည့် အိမ်ထောင်စုများအတွက် ဘုရားဆင်းတုတော်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတဲတိုက်များတွင် ဘုရားဆင်းတုတော် ကိုးကွယ်နိုင်ရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၁ နာရီချိန်က ဘုရားဆင်းတုတော် ၅၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

ကျောက်ဆည်မြို့နယ် ဝမ်းသောင်ကျေးရွာ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၁,၁၅၀,၀၀၀) ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဝမ်းသောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(၃၁၁)သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ပန်းလောင်မြစ်ကူးတံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြင်းရွာကြီးကျေးရွာအုပ်စု၊ မြင်းရွာကြီးကျေးရွာနှင့် ရွာခိုင်ကြီးကျေးရွာကြား၊ ခရိုင်ချင်းဆက်လမ်း အမှတ်(၂)လမ်းပေါ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းလောင်မြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး သံဂဟေဆက် သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင် ရည်မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်၌ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် ထားဝယ်ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၌ကျင်းပမည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့နံနက် ၁၀ နာရီ တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ကုန်သွယ်ရေးဝန်းအတွင်း တွင် တစ်ဖက်ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော တစ်ဖက်နိုင်ငံ အခွန်ကောက်ခံမှု သက်သာခွင့်ပုံစံ(Form-D)ဖြင့် ဖေဖော်ဝါရီလ(၁) ရက်နေ့မှစတင်ပြီး တင်ပို့ခွင့်ရရှိသည့်အတွက် အဆိုပါ ပြောင်းတင်ပို့မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to