စဉ့်ကိုင် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကျောင်းသား / ကျောင်းသူများအား ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် စာပေဖတ်ရှုအားကောင်းစေပြီး အတွေ့အကြုံ ကောင်းများရရှိစေခြင်း၊ ကဗျာစာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားလာပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၀)ဦး တို့ကဝင်ရောက်ယှဉ်ပြိုင်ကြပြီး နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ၊ Book Club အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်းသိရသည်။
ညိုညို၀င်း