ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း သံဃာတော်၊ သာမဏေများနှင့်သာသနာ့နွယ်ဝင် သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို   ယနေ့ နေ့လည် (၂)နာရီက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စားအုန်းဆီများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များက မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးနေတော်မူသော ရဟန်းသံဃာတော်၊ သာမဏေများနှင့်သာသနာ့နွယ်ဝင်သီလရှင် များအတွက် ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ မြို့ပေါ်ဘုန်းတော်ကြီးကျောင်း(၁၇)ကျောင်းနှင့် သီလရှင် ကျောင်း(၂)ကျောင်းမှ ရဟန်း သံဃာတော်၊ သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်(၁၃၆)ပါး တို့အား လောကမာရဇိန်ဘုရားကြီးသိမ်းတော်အတွင်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)