ကျုံပျော်မြို့ အ.ထ.က(၁)တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ဦးတည်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အနှစ်သာရတို့ကိုသိရှိ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။