ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဒဂုံအရှေ့ ဖေဖော်ဝါရီ  ၂

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူရေအိမ်ထောင်စုစာရင်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၂၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းအသက် (၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်မပြည့်သေးသူများ၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ( ပြန်/ဆက်)