အုတ်တွင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မိုးလုံလေလုံအား ကစားခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတွင်ဝဲဒေါင့်(က) အသင်းမှ (ခ)အသင်းကို ၂ ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရ ဝဲဒေါင့်(က)အသင်းကို မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီမှ လည်းကောင်း၊ ဒုတိယဆုရ ဝဲဒေါင့်(ခ)အသင်းကို မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်မှ လည်းကောင်း ဆု များအသီးသီးချီးမြှင့်ခဲ့ကြောင်း သိ ရသည်။
အုတ်တွင်း(ပြန်/ဆက်)