မြောင်းမြ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂ ) ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကားပုံဆက်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကောရွက် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသား/သူများစိတ်ကူးဉာဏ်ဖြတ်ထိုးဉာဏ်များအားကောင်းလာစေရန်၊ သွက်လက်ထက်မြတ်လာစေရန်၊စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့်ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲများအသီးသီးပြုလုပ်ယှဉ်ပြိုင်စေရာတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦးတို့က ပျော်ရွှင်စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီးဝင်ရောက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးအအေးနှင့်မုန့်များလည်း ပေးဝေခဲ့ကြောင်း သိရသည်။
ခင်ရူပါအေး