မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇော်ဂျီလမ်းသွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ အင်ဂျင်နီယာမှူး ဦးသိန်းနိုင်က ဇော်ဂျီလမ်း သွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး အမှတ်(၄)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစည်လှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဇော်ဂျီလမ်း သွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက လမ်းဖွင့်ပွဲသို့ တက် ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများအား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေပေးသည့် အက အဖွဲ့များနှင့် ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပေးသည်။

ယခုဖွင့်လှစ်ပေးသည့် ဇော်ဂျီလမ်းသွယ်(၂)လမ်းသည် စုစုပေါင်းအရှည် ၅၀၀၀ ပေ၊ အကျယ် ၄၀ ပေရှိသည့် မြေသားလမ်းဖြစ်ပြီး ယခုအခါ အရှည် ၉၈၀ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၆ လက်မရှိသည့် ကွန်ကရစ် လမ်းအဖြစ် မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၅၀၅.၈၄၆၆) သိန်းဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများသည် မြဝတီ မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်သာယာ(၃)လမ်းသွယ်(၂)လမ်းနှင့် လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲများသို့လည်း တက်ရောက် အားပေးဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်