ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။