ဧရာဝတီတိုင်းဒေသကြီးကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဖွင့်ပွဲများဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ် ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို  ယမန်နေ့နေ့လည်က  အဆိုပါ ဝန်ထမ်းအိမ်ရာရှေ့၌  ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ  ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့က ဝန်ထမ်းအိမ်ရာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

ထို့နောက် စုပေါင်းမှတ်တမ်းတင် ရိုက်ကူးကြကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပေးကြပြီး တက်ရောက်လာကြသူများက ဝန်ထမ်းအိမ်ရာအား    လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။  အဆိုပါ ဝန်ထမ်းအိမ်ရာမှာ  အလျား ၇၅ ပေ၊   အနံ ၄၀ ပေ၊   အမြင့် ၂၄ပေရှိပြီး (၄)ခန်းတွဲ(၂)ထပ် သံကူကွန်ကရစ် အဆောက်အဦဖြစ်ပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် သန်း(၁၇၅.၅)သန်း အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍   ပြည်ထဲရေးဝန်ကြီးဌာန၊   ဧရာဝတီတိုင်းဒေသကြီး    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာဖွင့်ပွဲကို   ယမန်နေ့ နေ့လည်က  အဆိုပါ ဝန်ထမ်းအိမ်ရာရှေ့၌  ကျင်းပရာ  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး  ဦးဝေဇင်ထွန်းတို့က   ဝန်ထမ်းအိမ်ရာအား   ဖဲကြိုးဖြတ်   ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်  နှင့် တက်ရောက်လာကြသူများက    ဝန်ထမ်းအိမ်ရာအား     လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

အဆိုပါ    ဝန်ထမ်းအိမ်ရာမှာ အလျား ၁၂၀ ပေ၊  အနံ ၃၀ ပေ၊  အမြင့် ၃၂ ပေရှိပြီး (၆)ခန်းတွဲ(၃)ထပ်RC အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၀၅)သန်းခန့်အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 

ကိုတွတ်(ပြန်/ဆက်)