ဝမ်းတွင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်စာအုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်၊ မြို့မအားကစားကွင်းနှင့် မီးသတ်ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ပြည်သူ့အကျိုး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကိုယနေ့နံနက် ၁၀ နာရီက ရန်အောင်မြင်ဘုရား၊တန်ဆောင်နှင့်စေတီများကိုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်ရွှေကျီးနားဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေကျီးနား ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈)နာရီက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီအချိန်က ပေါက်ချောင်း ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင်ကျင်းပကြောင်းသိရသည်။

ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက်၊ စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

(၇၅) နှစ်မြောက် စိန်ရတု၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတု၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။

(၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို နံရံကပ် စာစောင် ပြပွဲကျင်းပ

နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည် သူ များ၊ပရဟိတ အသင်းအဖွဲ့များတက် ရောက် အားပေးခဲ့သည်။

ရှမ်းရွာသစ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်း စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီး အတွင်းအပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ဘုရားများတွင် သန့်ရှင်းရေးပြုလုပ်

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သဗ္ဗညုဘုရားကြီး ရင်ပြင်တော် အတွင်းအပြင်နှင့် ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်းနှင့် ငကျွဲနားဋောင်းဘုရားပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ပြီး ညောင်ဦးမြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၁၅၀ဦးဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
Subscribe to