မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် စကျင်ကျောက်ပြားခင်းကျင်းနိုင်ရေး လုပ်အားပေးပြည်သူများ စတုဒီသာဖြင့်ဧည့်ခံကျွေးမွေး

မော်လမြိုင်မြို့၊ ကျက်သရေဆောင်သမိုင်းဝင် ကျိုက်သလ္လံစေတီ​တော်မြတ်ကြီးတွင်ကို ဗစ်-၁၉ အလွန် ကာလများ၌ ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူနိုင်ကြရေးအတွက် ယနေ့နံနက်၉နာရီခွဲကဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများက တစ်ပေပတ်လည် စကျင် ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေး ရင်ပြင်တော်ပေါ်သို့ တင်ဆောင်ကုသိုလ်ယူလုပ် အားပေးနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး ပြီးစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကန်တော့သည်၊၊

ကျိုက်မရော၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာစည်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို​သောအား​​ဖြင့် မဟာစည်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါလမ်းသစ်ရှိ ဖွင့်ပွဲမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအားထမနဲဆွမ်းဆက်ကပ် လှူဒါန်းရန် အတွက် ထမနဲ ထိုးပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းရန်အတွက် ထမနဲထိုးပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်ပြီး ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သံဃာနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်းနှင့် အစား ထိုး ရွေးချယ်တင်မြှာက်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့်အချိန်က တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

မာန်အောင်မြို့နယ်၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီက ရုံးတက်လမ်းမှ မြို့မကျောင်းကြီးလမ်းတစ်လျောက်၌ ကျင်းပခဲ့သည်။

(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မရပ်ကွက် မြို့မကျောင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချောင်းဆုံတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။
Subscribe to