တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုငျးခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁၂:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်တိုးတိုးမှ စာရေးဆရာ ခင်မောင်အေး(နှလုံး)ရေးသားသော လူရယ်လို့ဖြစ်လာလျှင် စာအုပ်အား ဆက်လက်ဖတ်ကြားဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)