မြဝတီ ဖေဖော်ဝါရီ ၆
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာဆေးရောင်ခြယ်ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီက ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး အသိပညာတိုးပွားလာကာ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းရျောင်းမှ ကျောင်းသား၊ ကျောင်းသူများ (၁၀) ဦးက ဆေးရောင်ခြယ် ပြိုင်ပွဲကို မိမိတို့ စိတ်ကြိုက် ဆေးရောင်များဖြင့် ခြယ်သပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တာဝန်ခံ ဒေါ်သီရိချောကဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)