လွိုင်ကော် ဖေဖော်ဝါရီ ၆
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သောဆန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့သီရိမင်္ဂလာစျေး(တောင်စျေး)တွင် လှူဒါန်းခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးမိုးဝင်းထက်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်လဝက၊ မြို့နယ်ယာယီရဲတပ်ဖွဲ့မှူးတို့မှ ပြည်သူတစ်ဦးလျှင် ဆန်နှစ်ပြည်ဖြင့် ပြည်သူ(၁၆၀၀)ဦးအား လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)