ရှင်သာမ​ဏေများ စာဖတ်ရှိန်မြှင့်မား၍ စာပေအသိပညာများ တိုးတက်လာစေရေးအတွက် စာအုပ်စာစောင် ငှားရမ်းခြင်းများ သွားရောက်ဆောင်ရွက်

မိုင်းနောင် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့ နေ့လည် (၁၂)နာရီအချိန်က လုံယန်းကျေးရွာရှိ သီရိမင်္ဂလာ ဆိုင်ခေးဘုန်းတော်ကြီးကျောင်း သို့ သွားရောက်၍  Mobile  Library စနစ်ဖြင့် စာအုပ်၊စာစောင် ငှားရမ်းခြင်းများဆာင်ရွက်ခဲ့သည်။

ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သော ရှင်သာမ​ ဏေစာသင်သားများ  အလွယ်တကူ စာပေဖတ်ရှုလေ့လာ နိုင်ရေး၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ပြင်ပ ဗဟုသုတများ ရရှိ‌ ‌စေရေး၊ စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေ ရေး နှင့် စိတ်အပန်းဖြေရင်းစာပေအသိပညာများ အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်းသိရသည်။

လက်ရှိ သီရိမင်္ဂလာဆိုင်ခေး ဘုန်းတော်ကြီးကျောင်းတည်ရှိရာ လုံယန်းကျေးရွာတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် အိမ်ခြေ (၂၀)ကျော်သာရှိပြီး မိုင်းနောင်မြို့နှင့် (၁၀)မိုင် ဝေးကွာသောရွာလေးဖြစ်၍ အပတ်စဥ် ငှားရမ်းစနစ်ဖြင့်လည်း ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။


မနန်း