ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပေးကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလော တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိသလောက်နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ လက်ရှိ ကူးစက် ဖြစ်ပွားနေ သည့် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအား ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာ‌ရောက် ထိုးနှံရေး အသိပေးကြေညာခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်သို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် မိသားစု လာရောက်ဖူးမြော်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်၊ တောင်ဘက်မုခ် VIP ဓာတ်လှေကားမှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Prashanth Mohanan နှင့်မိသားစု ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်သို့ တက်ရောက်၍ စေတီတော်ရင်ပြင် တောင်ဘက် ဧည့်ခံတန်ဆောင်းတွင်

နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

 မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

COVISHIELD နှစ်ကြိမ်ထိုးနှံပြီးသော အသက် (၅၀) အထက် နိုင်ငံ့ဝန်ထမ်းများအား  Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် COVISHIELD နှစ်ကြိမ် ထိုးနှံပြီးသော အသက် (၅၀) အထက် နိုင်ငံ့ဝန်ထမ်းများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ တွံတေးမြို့ ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ပြင်စလူမြို့တွင် ခရီးသွားပြည်သူများအား (RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့နယ် အတွင်း ခရီးသွားပြည်သူများအား (RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြင်စလူမြို့၊ ကမ်းနားလမ်းရှိ ကုန်တင်ကုန်ချ ဆိပ်ကမ်း ကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့၌ ဘုရားစင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်၊ တိုးချဲ့ကွက်သစ်၊ ငုဝါလမ်းနေ ပိုင်ရှင် ဦးသရွှေ၏ နေအိမ်ရှိ ဘုရားစင်တွင် ယမန်နေ့နံနက်က ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၁၂x၄၀)ပေခန့် အဆောက်အဦ (၁)လုံး  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၅ ရက် ၊ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု ကျွန်းပင်စင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကာကွယ်ရေး ပြည်သူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံနှင့် မြိုမစည်ပင်သာယာဈေးကြီးရှေ့တို့တွင် နှာခေါင်းစည်း (Mask) များ ယမန်နေ့ နံနက် ၈ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သည့်အားလျော်စွာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင်

တာမွေမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်ပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အားလပ်ချိန်များတွင် အားကစားလှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်လာနိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to