မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေး
မကွေးမြို့ မြို့တော်ခန်းမ၌(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ် များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။