ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community  Centre ခန်းမတွင် လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မူးယစ် ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးTalk Show   ကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေး TalkShow တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းရင်းကို ဆွေးနွေးပြောကြားပြီး၊ စာကြည့်တိုက်လက်ထောက်() ဒေါ်ဥမ္မာဆွေက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း ဆွေးနွေးခဲ့ကာ၊ ရုပ်သံကျွမ်းကျင်() ဒေါ်ဝင်းပပအောင်က ကျောင်းသားလူငယ်များ လိုက်နာသင့်သည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ကျိုက်လတ်မြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်လမ်းများ နှင့်အညီ   အသိပညာပေး Talk  Show ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ  စာအုပ်ပြပွဲများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်