လေးမျက်နှာမြို့နယ် အိုင်သပြုစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားပြုလုပ်

လေးမျက်နှာ  ဇန်နဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြုသီရိမင်္ဂလာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့ နံနက်(:၃၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ 

ထိုသို့သရုပ်ပြခြင်းကို လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိဦးရဲ နောင်ဝင်းဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(+၁၆)ဦးမှ မီးငြိမ်းသတ်ယာဉ်()စီးဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါကအရေးပေါ်မီးငြိမ်းသတ်နိုင်ရန်ပြသပေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက လူနာကယ်ထုတ်ပုံနှင့် ရှေးဦးသူနာပြုစုနည်းများကို သရုပ်ပြလေ့ကျင့်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်()ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာသာရေးကော်မတီဥက္ကဋ္ဌဦးတင်ဦး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးအောင်ဇေယျနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဉာဏ်ဝင်းပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း