ပန်းတောင်းမြို့နယ် ကြိုးကြာကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvert လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပန်းတောင်း     ဇန်နဝါရီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၁-၂၀၂၂ ပထမ (၆) လ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသော ကြိုးကြာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvert လုပ်ငန်း (၃) စင်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသိန်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က  လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းအတိုင်း ပြည့်မီစေ​ရေးနှင့် ညွှန်ကြားချက်များအား အ​လေးထားလိုက်နာ ​ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)