ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍  မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၄ နာရီက ပန်းတနော်မြို့နယ်မီးသတ်ရုံး၌ ပြုလုပ်သည်။ 

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်သို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

လှိုင်းဘွဲမြို့တွင် နိုင်ငံတော်မှ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  နိုင်ငံတော်ကော်စီမှထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးကြေညာခြင်းကို ယမန်နေ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကာကွယ်ရေးကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် ခဲ့သည်။

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများနှင့် ကလေးငယ်များ အတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက် ပေးလျက် ရှိသည်။

လေးမျက်နှာမြို့နယ်တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြု သီရိမင်္ဂလာစျေးတွင် Silent Strike (အသံတိတ် သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယနေ့ နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး အသိပေးခြင်းလုပ်ငန်းများ  ဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့ပေါ်စျေးဆိုင်များနှင့် ဒါးကတွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေးအသိပေးခြင်း လုပ်ငန်းကို ယမန်နေ့  နေ့လည်အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to