မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေး

မကွေး     ဇန်နဝါရီ     ၂၇

မကွေးမြို့ မြို့တော်ခန်းမ၌(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ် များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီက ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ သည်(၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ဖြစ်သည့် အားလျှော်စွာ နိုင်ငံတော်အစိုးရမှ ဂုဏ်ပြုပွဲတွင် ပြည်နယ်/ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံပါဝင်ပြီး ဂုဏ်ပြုယာဉ်များ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ်()စီးနှင့်အတူ လိုက်ပါ တာဝန်ထမ်းဆောင် တင်ဆက်ကပြရန် ရွေးချယ်ခြင်းခံရသော လူငယ်မောင်မယ်များ အနေဖြင့် မကွေးတိုင်း ဒေသကြီး၏ ဂုဏ်ကို မြှင့်တင် ဖော်ဆောင်ပေးရန် လိုအပ်တယ်ဆိုတာကို အလေးအနက် မှာကြား လိုကြောင်း၊ ယခုလို လိုက်ပါတာဝန်ထမ်းဆောင်ရာမှာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး စည်းစည်း လုံးလုံးရှိဖို့ လိုအပ်ကြောင်း၊ တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ ဟူသော မြန်မာစကားပုံအရ စည်းလုံး ညီညွှတ်ခြင်းဖြင့် စုပေါင်းညီညာ အောင်ကြောင်းဖြာမည်ဖြစ်ပြီး စည်းလုံးမှုကြောင့် အောင်မြင်မှု ရသကဲ့သို့ စည်းလုံးမှု မရှိလျှင် မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံတွေ့ ရမှာဖြစ်ကြောင်း၊ ယှဉ်ပြိုင် ဖျော်ဖြေကြမည့် မောင်တို့မယ်တို့ အနေဖြင့် မဆုတ်မနစ်သော၊ မလျော့ သော၊ မတွန့်သော ဇွဲ လုံးလဝီရိယတို့ဖြင့် စွမ်းဆောင်ပြီး မကွေးတိုင်းဒေသကြီး၏ တိုင်းကိုယ်စားပြုဂုဏ်ကို ဖော်ဆောင်နိုင်အောင် လုပ်ဆောင်ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြသနိုင်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပါဝင်ဖျော်ဖြေကြမည့် ပုဂ္ဂိုလ်များနှင့် ယင်းတို့၏ တာဝန်များအား မိတ်ဆက်ခြင်း၊ ဖျော်ဖြေရေး အကများဖြင့် တင်ဆက်ခြင်း အစီအစဉ်များ ဆောင်ရွက်ကာ၊ ဂုဏ်ပြုယာဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီးကိုယ်စားပြု အဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များမှာကြား၍ ဂုဏ်ပြုငွေ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မောင်ညီညာ