မိုင်းဖြတ်မြို့နယ်၌ အကြမ်းဖက်အဖွဲ့များ၏ လှုံဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်မှုများမရှိစေရေး အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှုမရှိစေရေးအတွက် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။