ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံကိန်းအသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီလ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရုံးတို့ ပူးပေါင်း၍ စီမံကိန်းအသိပညာပေး (TalkShow)အစီအစဉ် ဆွေးနွေးခြင်းကို ဇန်နဝါရီလ၁၆ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံကိန်း ဦးစီးအရာရှိ ဒေါ်သီတာဦးမှ စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး (၆)လ ဘတ်ဂျက်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြေကြားပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)