လိပ်သိုမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်   

လိပ်သို   ဇန်နဝါရီ     ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေးစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ရှေ့ဦးစွာ ဘားအံခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးမင်းနောင်မှ ပန်းခင်းစီမံချက်ဖြင့်  လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့  ဆောင်ပုဒ်နှင့်အညီ  နိုင်ငံသားအခွင့်အ‌ရေးနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားတန်ဖိုးအကြောင်းကို   အသိပညာပေး  ဟောပြောပေးခဲ့သည်။

ထို့နောက်  လိပ်သိုမြို့၊ ကဆောပလိုကျေးရွာနှင့် လိပ်သိုကြီးကျေးရွာ မှပြည်သူ(၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဘားအံခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် လိပ်သိုမြို့အုပ်ချုပ်ရေးမှူးတို့ကလက်ဝယ်အ‌ရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့(ပြန်/ဆက်)