ထားဝယ် ဇန်နဝါရီ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်စုစုပေါင်း(၁၄၁.၄၄၇) သန်းဖြင့် ဆောင် ရွက်သည့် တနင်္သာရီမြို့နယ်၊ ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်း ကွင်း ကျေးရွာချင်းဆက်လမ်း ၁၃/၃ မိုင် အနက် မြေလမ်း ၁/၅ မိုင် (အပြီးသတ်)ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းနှင့် ဘန်သဲကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း ၂/၀ မိုင် (ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်၊ ရေတားတမံအပါ) လုပ်ငန်း များ၏ ဆောင်ရွက်ပြီးစီးမှုများမှာရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးနေပြီးဖြစ် ကြောင်းတနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)ထံမှသိရသည်။
ထို့နောက် တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)မှ ညွှန်ကြားရေးမှူးဦးရန်လင်းအောင် နှင့် အဖွဲ့ သည် ဇန်နဝါရီ ၂၆ ရက်နေ့က ဘန်လော- ဘန်သဲ-ကျောက်မီးကျောင်း-မြန်မာအင်းတော်- ကျွဲထိန်းကွင်းကျေးရွာချင်းဆက်လမ်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၇၀.၉၈၈)သန်းဖြင့် (လမ်းမျက်နှာပြင်အကျယ် ၂၆'၊ လမ်းဘေးရေမြောင်း တစ်ဖက်လျှင် အကျယ် ၃'၊ အနက် ၂' ထု သိပ်သည်းပြီး) မြေသားလမ်းနှင့် ၎င်းလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဘန်သဲ ကျေးရွာရှိ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများပြီးစီးနေမှုကို ကြည့်ရှု့ စစ်ဆေးပြီးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန် စေရေးအတွက် တာဝန်ရှိသူ များ အားလမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လမ်းပိုင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် လျာထားဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင်အပြီးသတ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြင့် ကျေးရွာနေဒေသခံပြည်သူလူထု ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းပိုင်းဖြစ်သည့်အပြင်ဒေသအတွင်းရှိ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့အချိန်မီတင်ပို့ ရောင်းချနိုင်ခြင်းဖြင့်ကျေးရွာ နေပြည်သူများအတွက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပါသဖြင့် နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ကျောက် ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)