ငါးသိုင်းချောင်းမြို့ လုထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ငါးသိုင်းချောင်း  ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန   (Community Centre)၌ ယမန်နေ့  ညနေပိုင်းက စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာ ဆရာလယ်တွင်းသားစောချစ်၏ ၁၉၈၉-ခုနှစ်၊ အမျိုးသားစာပေဆုရ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ (Book Club, Youth Club, Women Club) အဖွဲ့ဝင်များ စာပေအလွယ်တစ်ကူ လေ့လာဖတ်ရှုနိုင်ရန် ဌာနမှစီစဉ်ဆောင်ရွက် ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ စာပေချစ် မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များက “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ရှိ ဆောင်းပါး (၃၇)ပုဒ်ပါ အ‌ကြောင်းအရာများကို ဖတ်ရှုဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် စာပေဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတ တိုးပွားလာခြင်း၊ အမှား/ အမှန်‌ ဝေဖန်ပိုင်းခြားနိုင်ခြင်းနှင့် ကောင်းမွန်တိုးတက် မြင့်မားသော လူနေမှုဘဝနှင့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်း အစရှိသည့့် အကျိုးကျေးဇူးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဦးစိုးမင်းဦး