ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမအတွင်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို အဆိုပါခန်းမ အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူး၌ အများပြည်သူသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပညာပေးနှိုးဆော်

ရန်ကုန်ုတိုင်း‌ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သွားလာကြသော ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ NUG၊ CRPH တို့ လှုံ့ဆော်မှုများအား မလုပ်ဆောင်ကြရန် ရပ်ကွက်/ ကျေးရွာများအထိ အသံချဲစက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ကလေးငယ်များ စာပေဗဟုသုတ ကြွယ်ဝစေရေး (Online)မှ ပုံပြောပြခြင်း ဆောင်ရွက်

စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နေ့လယ် ၁ နာရီက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောပြခြင်း ဆောင်ရွက် ပေးသည်။

ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက တရနာအရှေ့ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကွင်း ဆင်းဆောင်ရွက်ခြင်းကို တောင်ကြီးရပ်ကွက်တွင် ဇန်နဝါရီလ(၂၆)ရက် နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့တွင် အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH, NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများလိုက်ပါ ဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က လူစည်ကားသည့် လမ်းဆုံမီးပွိုင့်များနှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ပန်းတ​နော်မြို့နယ်တွင် ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်အား ဟောပြောခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များ အသိပညာပေး ဟောပြောခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုး သူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့် (Women Club) ပူပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လူထုအခြေပုဗဟိုဌာန Community Centreခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာဖတ်စွမ်းရည်ပြိုင်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက်၁၀နာရီအချိန်က ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌‌သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေး၊ စာပေချစ်မြတ်နိုး စိတ်များ  ပိုမိုတိုးပွာလာစေရေး၊   အတွေးအခေါ်အသိအမြင်များ  အချင်းချင်းဖလှယ်တတ်စေရေး၊  စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရေးရည်ရွယ်၍ စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) (မြန်မာပြန်သည်) “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်ဖြင့် ဇန်နဝါရီလ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to