မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြေပုံ  ဇန်နဝါရီ   ၂၇

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေး၊ စာပေချစ်မြတ်နိုး စိတ်များ  ပိုမိုတိုးပွာလာစေရေး၊   အတွေးအခေါ်အသိအမြင်များ  အချင်းချင်းဖလှယ်တတ်စေရေး၊  စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရေးရည်ရွယ်၍ စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) (မြန်မာပြန်သည်) “ထိပ်ဆုံးမှာတွေ့ကြမယ် စာအုပ်ဖြင့် ဇန်နဝါရီလ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့်အလေ့အထရရှိစေခြင်း၊  အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသောဗဟုသုတများကို  လူမှုပတ်ဝန်းကျင်တွင်  အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့်  မိမိကိုယ်ကိုယုံကြည်မှုရှိပြီး  အမှားအမှန်ကို  ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့်    စာဖတ်ဝိုင်းပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများက တစ်ဦးချင်းအပြန်အလှန်  ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)