ကွမ်းခြံကုန်း ဇန်နဝါရီ ၂၇
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုး သူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့် (Women Club) ပူပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများ အသင်း (Youth Club) အဖွဲ့ဝင်ကို ဉာဏ်လင်းကိုက စာရေးဆရာ မောင်မြင့်ကြွယ် ရေးသားထားသည့် ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများ စာအုပ်ထဲမှာပါဝင်သည့် တိကျသော တွေးခေါ်မှု၊ ရည်ရွယ် ချက် တိကျခိုင်မာမှုနှင့် စိတ်အားထက်သန်မှု ခေါင်းစဉ်ပါ စသည့် အကြောင်း အရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်း ပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
(ဆွေနွယ်)